သတင်းများ

ပိုင်ကျုံမြို့ အ.ထ.က‌ နောင်ဘိုကြီးကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထပအကြိမ်ကွင်းဆင်းထိုးနှံပေး
Jun 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာပညာသင်ကြားနိုင်‌စေရန်ရည်ရွယ် ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့၊ ‌ နောင်ဘိုကြီးအ.ထ.ကကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၄၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံ
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်
ပုဇွန်တောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိဘအသိပညာ​ပေးအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 09,2022
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး​ပေါင်းကာ မိဘအသိပညာပေး Talk Show ကို ယမန်​နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ မြို့မစာကြည့်တိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ
Jun 09,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့မစာကြည့်တိုက် အုတ်မြစ်ချ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကြက်ဈေးရပ်ကွက်၊ ထုက္ကံသိမ် ပုထိုးတော်ကြီးအနီးတွင် အုတ်မြစ်ချမင်္ဂလာ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ဝမ်လုံး ကိုဗစ်(စင်တာ)မှထိုင်းနိုင်ငံ နေရပ်ပြန်အလုပ်သမား (၂၀၂)ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
Jun 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှနေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၈၄)ဦး၊ စုစုပေါင်း(၂၀၂)ဦးကို ယနေ့နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ် (Community Center)ခန်းမ၌ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်
Jun 09,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်(Community Centre)ခန်းမ၌ ဇွန် ၂၆ ရက်နေ့တွင်ကြရောက်မည့်