သတင်းများ

ပွင့်ဖြူမြို့နယ်၌ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး ညှိနှိုင်း ဆွေးနွေး
Jun 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ပထမအကြိမ် ထိုးနှံပေး
Jun 09,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက်
သာပေါင်းမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိရာ(၁၃၁၃၈)ဦးထိုးနှံနိုင်ခဲ့
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှအသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်း(၂၄၂)တွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်
Jun 09,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုဖလားဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စကားလုံးဆက်ပြိုင်ပွဲ ကျင်းပ
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစကားလုံး ဆက်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများနှင့် ရှင်သာမဏေများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jun 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား ကျောင်းသူများနှင့် ရှင်သာမဏေများကို  ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နေ့မနက်ပိုင်းတွင် ဝမ်ဖွီးကျေးရွာအုပ်စုရှိ မဟာသုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဝမ်ပန်ဘုန်းတော်ကြီးကျောင်း၊ အ.လ.က−ခွဲ(ကတ်ဖွီး)၊ အ.မ.က(လွိုင်လိုင်)တို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ မြို့နယ်ပညာရေးမှူး ပူးပေါင်းအဖွဲ့တို့က  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ခမောက်ကြီးမြို့ Quaratine Center မှ နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူ
Jun 09,2022
ခမောက်ကြီးမြို့တွင် ယမန်နေ့က ရနောင်းမြို့မှ ရောက်ရှိလာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား(၄၁)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ခန့်က ခမောက်ကြီးမြို့ Quaratine Center တွင်ဆောင်ရွက်ခဲ့သည်။