ပြင်ဦးလွင်မြို့နယ်၌ ကျင်းပသော ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်စိုက်ပျိုး

ပြင်ဦးလွင် ဇွန် ၈   

၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂) ၊ မြို့ရှောင်လမ်း၊ မိုင်တိုင် ၈/၅ အနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တပ်မတော်သား အရာရှိ/စစ်သည်များ၊ တိုင်းဒေသကြီးအဆင့်  သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြင်ဦးလွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀) ဦးခန့် တက်ရောက်ကြသည်။ 

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ အထိမ်းအမှတ်သစ်ပင်အား စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာသူများအားလုံးက ချယ်ရီပင်နှင့်စိန်ပန်းပြာပင်တို့အား သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်  ဝန်ကြီးချုပ်တို့မှ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်မတော်သား အရာရှိ/စစ်သည်များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ အဆိုပါ ၂၀၂၂ခုနှစ်၊ မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီ (၈၀၀)ပင်နှင့် စိန်ပန်းပြာပင် (၂၈၀) ပင် ၊ စုစုပေါင်း (၁၀၈၀)ပင် တို့အား စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )