သတင်းများ

ပင်လုံမြို့အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းမှစ၍ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားလည်းကောင်း၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်​။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် မျောက်​​ကျောက်​ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jun 08,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  ​မျောက်​​ကျောက်​ရောဂါအကြောင်း အသိပညာပေးTalk Show ကို ယမန်နေ့‌နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ
Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက မွေးကင်းစမှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံ
Jun 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီမှစတင်၍ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းစုရပ်၌ ထိုးနှံပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၂၆၈)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် နိကာယ် (၅) ရပ် စာမေးပွဲအား ဖြေဆို
Jun 08,2022
ရန်ကင်းမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁ နာရီက အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းစေတီတော်ဝန်းအတွင်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်း၍ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်
Jun 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်ချိုမြို့နယ် ဘူတာရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွာ(၂၉)ဦးအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
Jun 08,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ၂၀၂၂ - ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်၍ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ ပူးပေါင်း၍ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ကျောင်းများအရောက် လှည့်လည် ထိုးနှံပေးလျက်ရှိသည်။