တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကွင်းဆင်းပြတ်တောက်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask )များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာနိုင်ကြစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။