၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းကုန်းမြို့၌ (၅)ဘာသာ အများ‌ဆုံးထွက်ရှိ

ကျောင်းကုန်း ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ယနေ့ နံနက် နာရီအချိန် ထုတ်ပြန်ပေးလျက် ရှိရာ ပုသိမ်ခရိုင်ကျောင်းကုန်းမြို့၌ ()ဘာသာဂုဏ်ထူး အများဆုံးထွက်ရှိခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၂၅)ဦး၊ () ဘာသာ ဂုဏ်ထူးရှင် (၁၂၂)ဦး၊ ()ဘာသာ ဂုဏ်ထူးရှင် (၁၁၄)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၂၂၁)ဦးနှင့် ရိုးရိုး အောင်မြင်သူ (၁၉၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website မှ နံနက် ()နာရီအချိန်က ထုတ်ပြန်ပေးလျက်ရှိရာ online မှ ကြည့်ရှုကြပြီး အောင်စာရင်း လာရောက်ကြည့်ရှုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ဖြေဆိုသူပေါင်း (၁၄၄၄)ဦးတွင်   အောင်မြင်သူ(၈၀၂)ဦးရှိသဖြင့် အောင်ချက် ရာခိုင်နှုန်းမှာ ၅၅.၅၄% ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)