ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၅၀.၃၈) ရာခိုင်နှုန်းရှိ

ဟိုင်းကြီးကျွန်း ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၉.၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၇)ခု၌ ကျောင်းသား၊ ကျောင်းသူ (၁၁၃၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၅၅၈)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၄၉.၃%)ရှိပြီး (၁) ဘာသာဂုဏ်ထူး(၁၅၁)ဦး၊ (၂)ဘာသာဂုဏ်ထူး(၇၀)ဦး၊ (၃)ဘာသာဂုဏ်ထူး(၉၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၆)ဦး ဂုဏ်ထူး ရရှိခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်