သတင်းများ

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jun 17,2022
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာပေဖတ်ရှု လိုစိတ်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ထန်းကိုင်း-ဒဟတ်ပင်-မင်းတဲကြီး-ရေနံမဒေသ၌ လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများ လျာထားဆောက်ရွက်ရန် ဆွေးနွေးပွဲပြုလုပ်
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ၊ ထန်းကိုင်း-ဒဟတ်ပင်-မင်းတဲကြီးရေနံဒေသ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်း လျာထား ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းခတ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသ
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အား ၂၀၂၂ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”
လက်ပံတန်း မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူထုအခြပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မျိုးစေ့လုံလောက်မှုရှိစေရန်နှင့် မျိုးစေ့ထုတ်နည်းပညာပေးရန် သာစည်မြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်ဧက ၂၅၀ စိုက်ပျိုးထား
Jun 17,2022
စိုက်ပျိုးရာသီတွင်မျိုးစေ့လုံလောက်မှုရှိစေရန်နှင့် တောင်သူများ မျိုးသန့်မျိုးစေ့ထုတ်နည်းပညာရရှိပြီး   မျိုးစေ့ထုတ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ပိုမိုအကျိုးဖြစ်ခွန်းစေရန်  သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများပူးပေါင်း၍ မြို့နယ်အတွင်း၌မိုးနေကြာမျိုးစေ့ထုတ် ဧက ၂၅၀ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုင်ကျုံမြို့ စာစစ်ဌာနများ၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းထုတ်ပြန်ကြေညာ
Jun 17,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ(၁၇)ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည် နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စာစစ်ဌာန အသီးသီးတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခဲ့‌ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်
Jun 17,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီ အချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၇၅)ဦးရှိ၍ အောင်ချက် (၅၂.၄၄)ရာခိုင်နှုန်းရှိ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၁၄၃)ဦးရှိပြီး အောင်မြင်သူ (၇၅)ဦးရှိသဖြင့် (၅၂.၄၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။