သတင်းများ

ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း (၃၅.၃၀)ရာခိုင်နှုန်း ရှိ
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၂ခုနှစ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်၆နာရီက ချောက်မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၇)ခုတွင် ကပ်ထား ကြေညာလျက်ရှိကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပ
Jun 17,2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးတစ်ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီးနှစ်ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြသည့် ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရင်ပြင်တော်ရာဟုထောင့်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ စပါးစိုက်ပျိုးနည်းစနစ်(၃)မျိုး သရုပ်ပြစိုက်ပျိုးပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Jun 17,2022
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် စပါးစိုက်ပျိုး နည်းစနစ်(၃)မျိုး သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရွာသစ်ကေ ကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲအနီး တောင်သူ ဦးမောင်ရွှေအောင်၏ လယ်မြေတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ကြည့်ရှုကြသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု တွင် ကပ်ထားကြေညာပေး
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၄)နာရီ အချိန်က ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကပ်ထားကြေညာပေး ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jun 17,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှုနှုန်းလျော့နည်း ကျဆင်းလာပြီဖြစ်‌သောကြောင့် ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
အင်္ဂပူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၅၄.၇၂) ရာခိုင်နှုန်းရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်(၆)နာရီအချိန်တွင် ထုတ်ပြန် ကြေညာခဲ့ရာ စာမေးပွဲအောင်မြင်သူ (၅၄.၇၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားအားဂုဏ်ပြုချီးမြှင့်
Jun 17,2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အားကစားသမားများအား ဂုဏ်ပြုသည့် အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် စတင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်း (၆) နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် စတင်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။