ဖျာပုံ ဇွန် ၁၇
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား စာစစ်ဌာနများနှင့် Online စာမျက်နှာများတွင် ယနေ့နံနက်၌ စတင်ထုတ်ပြန်ကြေညာရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ရာခိုင်နှုန်း (၅၀.၀၃)ရာခိုင်နှုန်း အောင်မြင်ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် အဆိုပါ (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ (၁၈၁၇)ဦးရှိပြီး အောင်မြင်သူ (၉၀၉)ဦးရှိကြောင်း၊ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂)ဦး၊(၄)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၅၅)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၈၁)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၈၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)