သတင်းများ

၂၀၂၂- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်မြို့နယ်မှ ဘာသာစုံဂုဏ်ထူးရှင်တစ်ဦးထွက်ပေါ်ပြီး ၂၇၈ဦး ဂုဏ်ထူးများအသီးသီးရရှိ
Jun 17,2022
နိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားရှိသော ၂၀၂၂- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများစာရင်းတွင် ပြည်မြို့နယ် စာစစ်ဌာများမှ ၇၁၉ ဦး အောင်မြင်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် (၁)ဦးထွက်ပေါ်ကာ စုစုပေါင်း ၂၇၈ ဦး ဂုဏ်ထူးများ အသီးသီးရရှိအောင်မြင်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြိးမြို့၌ အောင်ပွဲရအားကစားသမားများအားကြိုဆိုဂုဏ်ပြု
Jun 17,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဘားအံမြို့ရှိ အောင်သံလွင်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်၌ ၂၀၂၂- ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာထားရာ ရန်ကင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းကို အမှက်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်တွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအား ထုတ်ပြန်ကြေညာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၆ နာရီတွင် ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအား ထုတ်ပြန်ကြေညာခဲ့သည်။
ကွမ်းလုံမြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၆)နာရီအချိန်က ကွမ်းလုံမြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)တို့တွင် ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၄၁.၇၉ ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန အသီးသီးတို့၌ ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ ကြည့်ရှုလျက်ရှိသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ရာ ကျောင်းသား၊ ကျောင်းသူ (၆၁၇)ဦး ဖြေဆိုအောင်မြင်
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန်ကြေငြာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆၁၇)ဦး ‌ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်စာမေးပွဲအောင်စာရင်းကို(အ.ထ.က)ကျိုက်ဒုံ စာစစ်ဌာနတွင် ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ထားသည်။