ဆင်ပေါင်ဝဲမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဆင်ပေါင်ဝဲ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများ၊ စာ‌ရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ရွာလုံခြုံရေးနှင့် စာသင်ကျောင်းလုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်၊ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိုးသီးနှံ လျာထားချက်ပြည့်မီ‌အောင် စိုက်ပျိုးနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းအား Mobile စနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး အတီးပြိုင်ပွဲဝင်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ပေးအပ်ထားသော တာဝန်များအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း (မြို့နယ်ပြန်/ဆက်)