လှည်းကူး ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇွန်လ (၁၇) ရက်နေ့၌ ထုတ်ပြန်လျက်ရှိရာ လှည်းကူးမြို့နယ်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၄၂.၈၅) နှုန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ကြေငြာထားလျက်ရှိရာ ကျောင်းသား / သူ များနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုလျက်ရှိပြီး လှည်းကူးမြို့နယ် အတွင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျား (၁၁၅၂) ဦး၊ မ (၁၁၇၁) ဦး၊ စုစုပေါင်း (၂၃၂၃) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား(၁၀၅၇) ဦး၊ မ (၁၀၉၀) ဦး၊ စုစုပေါင်း (၂၁၄၇) ဦး ဝင်ရောက်ဖြေဆိုပြီး အောင်မြင်သူကျား (၃၈၇) ဦး၊ မ (၅၃၃) ဦး၊ စုစုပေါင်းအောင်မြင်သူ (၉၂၀) ဦးအောင်ချက် ရာခိုင်နှုန်း (၄၂.၈၅) ရာခိုင်နှုန်းရရှိကြောင်း မြို့နယ် ပညာရေးမှုးရုံးမှ သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)