ဘိုကလေးမြို့နယ်တွင် မိကျောင်းဆွဲခံရသူတစ်ဦး ဆေးဝါးကုသနေရ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ရေကျော်တိုးကျေးရွာအုပ်စု၊ ကျွန်းသစ်စုကျေးရွာနေ အသက်(၅၂)အရွယ် ဦးမြဝင်း သည် ကျွန်းသစ်စု ချောင်းထဲသို့ ဇွန်(၁၆)ရက်နေ့ ညနေ(၄)နာရီအချိန်၌ ရေချိုးဆင်းရာ မိကျောင်းဆွဲခံရပြီး ဘယ်လက်ဆစ် ပြတ်ရှဒဏ်ရာနှင့် ပေါင်တွင် လက်သဲခြစ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖျာပုံမြို့ ကုတင်(၂၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ဆေးဝါးကုသစရိတ် ထောက်ပံ့ကူညီနိုင်ရေး မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။