သုံးခွမြို့နယ် နန်းခလဲကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်ကွင်းဆင်းဆောင်ရွက်

သုံးခွ ဇန်နဝါရီ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူလေးများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁ နာရီအချိန်က နန်းခလဲကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် နန်းခလဲကျေးရွာ အ.လ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီ၀င်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လှိုင်သူဇာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအ‌ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေဖို့အတွက် ယခုလိုဟောပြောပွဲတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် သားငယ် သမီးငယ်လေးများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိမည့် စာပေများကိုလည်း ဖတ်ရှုသင့်ပါ‌ကြောင်း‌ ပြောကြားခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးစာစောင်၊ လူကုန်ကူးမှု အသိပညာပေးစာစောင်များနှင့် မူးယစ်ဆေးဝါးအကြောင်းသိ‌ကောင်းစရာများစသည့် အ‌ကြောင်းအရာများကို စိတ်ဝင်စားစွာကြည့်ရှုကြပြီး သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)