ရွှေပြည်သာ ဖေဖော်ဝါရီ ၈
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ပြပွဲ၊ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် အမှတ်(၄)အခြေခံပညာကျောင်းခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်း အသိပညာပေးဟောပြောပွဲတွင် စာရေးဆရာ အယ်ဒီတာဦးသူရဇော် (ဉာတတ္ထစရိယာ)က ကျောင်းသား/ သူများအား ပြည်ထောင်စုနေ့အကြောင်း အသိပညာဟောပြောခဲ့ပြီး ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/ သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ ဆက်)