သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

သိန္နီ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အချိန်တန်ဖိုး၊ လူငယ်နှင့်ဇွဲ စသည့်ခေါင်းစဉ် များဖြင့် အသီးသီးဦးဆောင် ဆွေးနွေးခဲ့ကြပြီး တက်‌ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသော အကြောင်းအရာများကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။ ထို့နောက် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအောင်က ကျေးဇူးတင်စကား ပြောကြားရာတွင် လူငယ်စကားဝိုင်းအား မိမိတို့ကျောင်းတွင် လာရောက်ကျင်းပပေးသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စကားပြောစွမ်းရည်၊ လေ့လာမှုစွမ်းအား၊ ဗဟုသုတ ရှာဖွေမှတ်သားတတ်သည့် အလေ့အကျင့်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများနှင့် နားထောင်မှတ်သားတတ်သည့် အလေ့အထများ ရရှိနိုင်သည့်အတွက် လူငယ်စကားဝိုင်းကို များများပြုလုပ်ပေးသင့်ကြောင်း၊ လူငယ် စကားဝိုင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)