ရေစကြို ဖေဖော်ဝါရီ ၈
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းကို မြို့နေပြည်သူ များသိရှိစေရန်နှင့် ကျောင်းသား/သူများ လေ့လာသိရှိနိုင်စေရန် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောသောဘဝများတွင် စိတ်နှလုံးချမ်းမြေ့စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေဦးစားပေးဆောင်ရွက်ရမည့်အရေးကိစ္စဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရေစကြိုမြို့၊ အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများထံ အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် အစရှိသည့်အကြောင်းအရာများပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ကျောင်းသား/သူများလေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားလာစေရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)