မိုင်းရယ်မြို့ အလက၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ပြုလုပ်

မိုင်းရယ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့နံနက်(၉)နာရီက မိုင်းရယ်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းများ ပြုလုပ်ပါသည်။

ဟောပြောပွဲတွင် မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထားရှိမွေးမြူသွားရန် ဟောပြောပါသည်။ ယင်းနောက် အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/သူများက နယ်လှည့်စာကြည့်တိုက်တွင်ပါရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုခြင်းငှားရမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မိုင်းရယ်(ပြန်/ဆက်)