သတင်းများ

ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောသရုပ်ပြပွဲတွင် ရွှေပြည်သာမြို့နယ် အားကစားမှူး ဦးဇော်ဇော်လင်းက ကျောင်းသား/ကျောင်းသူများအား အားကစားဆိုင်ရာများနှင့် လူငယ်ရေးရာများ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ တိုက်ကွမ်ဒိုအဖွဲ့၊ Fitness Dance အဖွဲ့တို့မှ သရုပ်ပြသကြပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေး  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ် မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ”ကို ယမန်နေ့ နံနက် (၁၀) အချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ အလင်းရတနာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊‌ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အလင်းရတနာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ  တက်ရောက်လာကြသော မြို့နယ်မိခင်နှင့် ကလေး/အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်နှင့်အဖွဲ့ဝင်များ၊ မိဘများအား ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ်လေးများက ကဗျာများရွတ်ဆိုသီဆိုခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာအထက်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ​ကြောင်း သိရသည်။
ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် အ.ထ.က(၁)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများ စတင်ရိတ်သိမ်း
Feb 09,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကုလားပဲသီးနှံ စိုက်ပျိုးထားသည့် တောင်သူများသည် ကုလားပဲသီးနှံများ ရင့်မှည့်လာပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်သည်ကို တွေ့ရသည်။