ထားဝယ် ဖေဖော်ဝါရီ ၈
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့၊ ညနေ(၆)နာရီမှ ည(၉)နာရီအထိ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်သည်။
ဂီတဖျော်ဖြေပွဲတွင် နာမည်ကျော် အဆိုတော် ထူးအယ်လင်းပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုတော်ပူစူး၊ အိပ်မက်ဆုံရာ Winner တစ်ဦးဖြစ်သည့် သီရိဝင်းလှိုင်စသည့် နိုင်ငံကျော်အဆိုတော်များနှင့် ဒေသခံအဆိုတော်များလည်း ပါဝင်သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပြည်သူများ စိတ်လက်အပန်းပြေစေရန်အတွက် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။ ဂီတဖျော်ဖြေပွဲကို “B” Easy band တီးဝိုင်းအဖွဲ့က ပါဝင်တီးခတ် အားဖြည့်ပေးမည်ဖြစ်သည်။
ထားဝယ်(ပြန်/ဆက်)