ချမ်းမြသာစည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်နည်းဆိုင်ရာနည်းစနစ်များအား သိရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက အမှတ် (၃၆)အခြေခံပညာအထက်တန်းကျောင်း၊အားကစားကွင်းအတွင်း လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါမီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကိုမြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းမင်းစိုးနှင့်မီးသတ်တပ်ဖွဲ့၀င်များ၊အရန်မီးသတ်တပ်ဖွဲ့၀င်များ လုပ်ဆောင်ပြသပေးခဲ့ကြပြီး အထက်တန်း အဆင့်ကျောင်းသားများကလက်တွေ့ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါမီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကို မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အမှတ် (၃၆) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ် ခင်၀င်းမြင့်နှင့် ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နှင့်အဖွဲ့ ၀င်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)