သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Feb 09,2023
ကယားပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ကော်မတီ(၈)ခုတို့၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ဒေသခံတောင်သူများကို ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရေး ရေဆင်း(၆)ကုလားပဲသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စို က်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ မျိုးသန့်ခြံစိုက်ပျိုးလယ်မြေ၌ အထွက်နှုန်း ကောင်းမွန်သော ရေဆင်း(၆)ကုလားပဲသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေး
Feb 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများမှ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပခဲ့သည်။
မင်းလှမြို့နယ် မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီပိုစတာပြိုင်ပွဲကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီ ပိုစတာပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ကျောင်းအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာ‌သင်ကျောင်းအား ယနေ့နံနက်က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။