သတင်းများ

မိုးနဲမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်
Feb 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ မွေးစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို သူနာပြုဆရာမများက ယနေ့နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Feb 03,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းစာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Feb 03,2023
ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများကိုသိရှိပြီး ပြည်ထောင်စု၏ အနှစ်သာရများကို အစဉ်အမြဲထာဝရကိန်းအောင်နေစေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ-ထ-က(လဲချား)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ-ထ-ကကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
သီပေါမြို့နယ်တွင် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Feb 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ မြန်အောင်၌ဆောင်ရွက်ပေးလျက်ရှိ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့နံနက်က ​ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုမူလတန်းအဆင့် ပန်းချီအလွတ်တန်းပြိုင်ပွဲ ကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် အလွတ်တန်းပန်းချီပြိုင်ပွဲကို မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀) နာရီမှ (၁၁:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန နွားမေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်း( ၃/၂၀၂၂၃)ဖွင့်ပွဲ ကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။