သီပေါမြို့နယ်တွင် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

သီပေါ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ဘိုးဘွားများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦး တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် ငွေကျပ် ၃၀၀၀၀စီအား ဘိုးဘွား (၄၀၇)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၁၂၂)သိန်း (၁)သောင်းကိုထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)