သတင်းများ

မင်းလှမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အား  ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲ့ထိုးပြိုင်ပွဲ ကျင်းပ
Feb 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့ တွင်ကျရောက်မည့်  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲ့ထိုးပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက  ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။
ဒဂုံတက္ကသိုလ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖက်ရှင်ပြပွဲနှင့် သီချင်းဆိုပြိုင်ပွဲကျင်းပ
Feb 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖက်ရှင်ပြပွဲနှင့်သီချင်းဆိုပြိုင်ပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်
Feb 11,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Feb 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 11,2023
​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများနှင့် ကျေးရွာအုပ်စုများရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့  နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ​ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါ နှိမ်နှင်းရေးဆိုင်ရာသင်တန်း ဆက်လက်သင်ကြား
Feb 11,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း စန္ဒိမာခန်းမ၌ ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါနှိမ်နှင်း​ရေးဆိုင်ရာသင်တန်းကို ယမန်​နေ့နံနက် ၁၀ နာရီ အချိန်က ဆက်လက်သင်ကြားခဲ့သည်၊၊
ပြင်ဦးလွင်မြို့နယ်တွင် အသက် ( ၈၅ )နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
Feb 11,2023
​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက်ဘိုးဘွား ၇၃၉ ဦးအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင် မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ‌မိုင်းအော့ကျေးရွာအုပ်စု၊ တိန်းတိုက်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။