သတင်းများ

လူသားများနှင့် ဇီဝသက်ရှိများအားများစွာ အကျိုးပြုနေသာ ရမ်ဆာရေဝပ်ဒေသများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုအပ်
Feb 03,2023
၂၀၁၅ခုနှစ်မတ်လ (၁၇) ရက်နေ့မှစတင်၍ ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံတွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်း၊ မိုးယွန်းကြီးအင်း တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့နှင့် အင်းလေးကန်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတို့သည် ရမ်ဆာရေဝပ်ဒေသများဖြစ်ပြီး လူသားများနှင့် ဇီဝသက်ရှိများအား များစွာအကျိုးပြုနေသော နိုင်ငံ၏အဖိုးမဖြတ်နိုင်သည့် ရေဝပ်ဒေသများဖြစ်သည်။
လှည်းကူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုမူလတန်းအဆင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များငှားရမ်းပေး
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတ ရရှိစေရန်အတွက် ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးဟောပြော
Feb 03,2023
ကျောင်းသားကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရန်အတွက်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို၊ ယနေ့နံနက်(၉)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မြေအောက်ရေဖြင့် စိုက်ပျိုးသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိစေရန် မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း လာရောက်ကြည့်ရှုစစ်ဆေး
Feb 03,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ တောင်သူ ဦးသန်းလှိုင်၏ (၂)ဧကဆောင်းနေကြာစိုက်ကွက်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီးနောက် ပေါက်တပင်ကျေးရွာရှိ နွေစပါးစိုက်ခင်းအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Feb 03,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါစခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ဂွမြို့ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 03,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေး‌စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ထားရှိမှု ရှိ၊မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။