သတင်းများ

Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာကြီးကြပ်ရေးမှူးများ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အခြေခံပညာကျောင်းများ၏ Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာကြီးကြပ်ရေးမှူးများ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က(ပန်းတင်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ကျင်းပ
Feb 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  (Community Center)ခန်းမတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁))နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာမူလတန်း(လွန်)ကျောင်း ရခိုင်ပိုက်သည်ကျောင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ခရမ်းမြို့တွင် စားသုံးဆီအကြောင်း အသိပညာပေး Talk Show ကျင်းပ
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  အာဟာရနှင့်ကျန်းမာရေးအတွက် စားသုံးဆီစားသုံးမှုအကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာကို ယမန်နေ့ ညနေပိုင်းက လူစည်ကားသော နေရာတွင်စိုက်ထူခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ သူများအားဖိတ်ခေါ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
မင်းပြားမြို့၌(၁၅)ကြိမ်မြောက် ပရိယတ္တိသာသနဟိတဓရစာမေးပွဲဆက်လက်ဖြေဆို
Feb 03,2023
ရခိုင်ပြည်နယ်၊မြောက်ဉီးခရိုင်၊ မင်းပြားမြို့နယ်၌ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များ၏ (၁၅) ကြိမ်မြောက် ပရိယတ္တိသာသနဟိတဓရ စာမေးပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီ ၄ ရက်အထိ  မြို့နယ်ပြည်လုံးချမ်းသာဓမ္မရုံတွင်ကျင်းပဖြေဆိုနေကြကြောင်းသိရသည်။
ဒလမြို့နယ် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း(Booster Dose)ထိုးနှံခြင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းအချိန်မှစ၍ အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံပေးခြင်းကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။