အ-ထ-က(လဲချား)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ-ထ-ကကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လဲချားမြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူး ရဲထွန်းဦးက ကျောင်းသား/သူ လူငယ်၊ လူရွယ်များ ပညာသင်ကြားနေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းမှားမရောက်ရှိစေရန်၊ မူးယစ်ဆေးဝါးပါဝင်သည့် အစားအသောက်များ၏ ဆိုးကျိုးများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ စသည့်အကြောင်းအရာများကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)