သတင်းများ

ပုလဲမြို့နယ် အင်းမထီးကျေးရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှ တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အင်းမထီးကျေးရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ (၃) နာရီအချိန်က မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ ငါးထပ်လူနာကုသဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ကော်မတီ အဖွဲ့ဝင် တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ တပို့တွဲလ မြန်မာ့ရိုးရာ ထမနှဲထိုးပြိုင်ပွဲကျင်းပ
Feb 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနှဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Feb 03,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်ကျင်ရပ်ကွက်တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က လျှပ်စစ်မီး ပလပ်ခုံအပူလွန်ကဲမှုကြောင့် လူနေအိမ် (၁) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ဆောင်ရွက်
Feb 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်တွင် စာစီ စာကုံး ပြိုင်ပွဲကျင်းပလျက်ရှိကြောင်းသိရသည်။
လူထုအခြေပြုဗဟိုဌာန၌ လူငယ်နဲ့လူသားအသိ ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 03,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ ခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်း အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်မှ လူငယ်နဲ့လူသားအသိဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပကြောင်းသိရသည်။
အ.ထ.က(ဟိုင်းကြီး)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ညစာသင်ဝိုင်းသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က(ဟိုင်းကြီး) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ညစာသင်ဝိုင်းသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၇ နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု၊ ကျုံပျော်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်
Feb 03,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်များ၌ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲ အခမ်းအနားများ တက်ရောက်အားပေး
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲ အခမ်းအနားများအား တက်ရောက်အားပေး၍ မျိုးစေ့များစိုက်ပျိုးပေးခဲ့သည်။