လောက်ကိုင် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများကိုသိရှိပြီး ပြည်ထောင်စု၏ အနှစ်သာရများကို အစဉ်အမြဲထာဝရကိန်းအောင်နေစေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရေးသားပြိုင်ပွဲဝင်ကြကြောင်း သိရသည်။ စာစီစာကုံးပြိုင် ပွဲတွင် ၃၀ ဦး၊ ကာတွန်းပြိုင်ပွဲတွင် ၂၈ ဦး၊ ပန်းချီပြိုင်ပွဲတွင် ၃၆ ဦး၊ ကဗျာပြိုင်ပွဲတွင် ၃၃ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၂၇ ဦးခန့်ပါဝင် ယှဉ်ပြိုင်ကြကြောင်းနှင့် လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့များရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုရွေးချယ်ရေးအဖွဲ့မှ အမှတ်ပေးစည်းမျဉ်းဖြင့်ရွေးချယ်၍ ပေးအပ်သောဆုများကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနားတွင် ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)