မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန နွားမေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်း( ၃/၂၀၂၂၃)ဖွင့်ပွဲ ကျင်းပ

ဟင်္သာတ ဖေဖေါ်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားကာ ဟင်္သာတခရိုင် ခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုးက သင်တန်းသားများအား ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် သင်တန်းတွင်ပို့ချပေးမည့် သင်ခန်းစာ အခြေအနေများကိုလည်းကောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၁၅) ဦး တို့တက်ရောက်ခဲ့ကြပြီး သင်တန်းအား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)