သတင်းများ

စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီးမှကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ် (နဝမ)အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကျင်းပ
Feb 11,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော (နဝမ) အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ကာ ရတနာဃရ ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  Talk Show ကျင်းပ
Feb 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုနေ့  အသိပညာပေး Talk  Show ကို  ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 11,2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တိုင်းရင်းသားများ စုံလင်စွာဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊(Community Centre)ခန်းမတွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 11,2023
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၃ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ်(Talk Show)ကိုယမန်နေ့နံနက် (၁၁)နာရီအချိန်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပသည်။
နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို Talk Show ပြုလုပ်
Feb 11,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အ ထိမ်းအမှတ်အကြို Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု​​​​​​​ဖြင့် ကွင်းဆင်းဆောင်ရွက်
Feb 11,2023
မုဒုံမြို့နယ်တွင် ဆည်ရေသောက်ဧရိယာများ၌ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှူဖြင့် ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ၌ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊  ဆည်မြောင်ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ကွင်ဆင်းစစ်ဆေးခဲ့သည်။
ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင်ဆိတ်မွေးမြူရေးအကြောင်းသိကောင်းစရာ အသိပညာပေးTalk  Show ကျင်းပ
Feb 11,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆိတ်မွေးမြူရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk  Show ကိုယနေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်
Feb 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အဖွဲ့သည် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲကိုယမန်နေ့ နေ့လည်၃နာရီက နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမတွင်ပြုလုပ်ခဲ့သည်။