ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ မြန်အောင်၌ဆောင်ရွက်ပေးလျက်ရှိ

မြန်အောင် ဖေဖေါ်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့နံနက်က ​ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

 အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်ရာတွင် မြန်အောင် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများဆောင်ရွက်ရာတွင် ဘီစီဂျီ၊ အသဲရောင် အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ် ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက်နှစ်လ၊ အသက်လေးလ ၊အသက်ခြောက်လ၊ အသက်ကိုးလနှင့် အသက်တစ်နှစ်ခွဲတို့တွင် သတ်မှတ်ဆေးထိုးရက် အကြိမ်ရေအလိုက် မိခင်နှင့်ကလေးကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်

 မြန်အောင် (ပြန်/ဆက်)