အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ဆောင်ရွက်

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်တွင် စာစီ စာကုံး ပြိုင်ပွဲကျင်းပလျက်ရှိကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက(ခွဲ) အထက်ပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲတွင်အထက်တန်းအဆင့် ကျောင်း သား /သူစုစုပေါင်း(၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အထက(ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)