သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Feb 03,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် Community Centre ခန်းမ၌ မီးငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 03,2023
မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တံခါးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းပို့ချ
Feb 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ယနေ့နံနက် (၈) နာရီအချိန်က သင်တန်းပို့ချသင် ကြားလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Feb 03,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဇစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်
Feb 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် လစဉ်မွေးကင်းစကလေးမှ တစ်နှစ်ခွဲအရွယ်ကလေးများအား ကာကွယ်ဆေးများ ထိုးနှံ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် လစဉ်မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးများကို ကာကွယ်ဆေးများအား ချောင်းသာမြို့ တိုက်နယ် ကျန်းမာရေးဆေးခန်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးခြောက်များ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိ
Feb 03,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ငရုတ်သီးခြောက်များ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
မိုင်းရှူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအသိပညာပေး ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့သည်။