အ.ထ.က(ဟိုင်းကြီး)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ညစာသင်ဝိုင်းသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က(ဟိုင်းကြီး) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ညစာသင်ဝိုင်းသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၇ နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပညာကိုကြိုးစားသင်ယူကြရန်၊ လေ့လာကျက်မှတ်ထားသော သင်ခန်းစာများကိုနှစ်အစမှ အဆုံးအထိ အပြန်ပြန်အလှန်လှန် လေ့ကျင့်ကျက်မှတ်နေကြရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများဖြစ်လာစေရေး အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများသည် ကျောင်းအုပ်ဆရာကြီး အမှူးပြုသောဆရာ/ဆရာမများ၊ ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်ပညာရေး အခြေအနေများအား တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အ.ထ.က (ဟိုင်းကြီး) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူဦးရေ (စနစ်ဟောင်း) ကျောင်းတွင်းဖြေ (၃၅)ဦးနှင့် ပြင်ပဖြေ(၁၂)ဦး စုစုပေါင်း (၄၇)ဦးရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း( ပြန်/ဆက်)