သတင်းများ

မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က မိတ္ထီလာနည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ရှိ နေအိမ်များနှင့် တည်းခိုဆောင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေး
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် တည်းခိုဆောင်များအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေစန်းရောင်သကြားစက်မိသားစုမှ  အသက်( ၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသူ ဘိုးဘွားများအား ပူဇော်ကန်တော့
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် အသက်( ၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသည့် ဘိုး၊ ဘွားများအား အလှူရှင် ငွေစန်းရောင်သကြားစက်မိသားစုမှ ယမန်နေ့နံနက် (၉)နာရီက ချမ်းသားကြီးပရိယတ္တိစာသင်တိုက်ရှိ ဆွမ်းစား ကျောင်းဆောင်တွင် ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယ‌နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Feb 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များကို သိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အ.ထ.က (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ပြုလုပ်ခဲ့သည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများသို့သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်းတက်​ရောက်
Feb 06,2023
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်​​ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပခြင်းများ ​​ဆောင်ရွက်လျက်ရှိရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ​ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်သည်။
မြိတ်မြို့တွင်  အကြိမ်(၂၀)မြောက် ပရိယတ္တိသာသနပါလ ဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲများ  ကျင်းပ
Feb 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်ဆီမီးစေတီတော်၌အကြိမ်(၂၀) မြောက် ပရိယတ္တိသာသနပါလဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲများကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓသာသနာ့ဗိမာန်တွင် တပိုးတွဲလပြည့်ကျော် (၁)ရက်မှ (၇)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ရဟန်း၊ သာမဏေနှင့် သီလရှင်(၂၆၉)ပါး စာမေးပွဲဖြေဆို လျက်ရှိကြကြောင်း သိရသည်။