တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၁.၈.၂၀၂၂ ရက်နေ့တွင် စတင် အကောင်အထည် ဖော်မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနှစ်နှင့် စပ်လျဉ်း၍ မိတ်ဆက် ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။