သတင်းများ

ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၁)နယ်မြေ  သီရိမင်္ဂလာမူကြို ကျောင်းဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
မအူပင်မြို့တွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်လှစ်
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပိုင်ကျုံမြို့အမှတ်(၃)ရပ်ကွက်‌ ဈေးမြေနေရာ အားခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်
Jul 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့်သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၂) ကျင်းပပြုလုပ်
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် အောင်မြင်စွာ ကျင်းပရေးအတွက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်မံထိုးနှံပေး
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆေးများအား ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်မှစတင်၍ တတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံ- သရက်ကုန်းကျေးရွာရှိ အေးမြကန်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိသည်။
ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 27,2022
ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီမှကြီးမှူးကျင်းပသည့် အသက်(၁၆)နှစ် အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်ရှိ ဆန်စက် စပါးခွံသိုလှောင်ရုံ၌ မီးလောင်မှုဖြစ်ပွား
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တော်တနီးလမ်းသစ်ရှိ အမေ့သားဂုဏ်ရောင်ဆန်စက်တွင် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က စပါးခွံဂက်(စ်) တာဘိုင်စက်ရုံ၏ စပါးခွံသိုလှောင်ခန်း ဖွဲမီးလက်ကျန်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။