မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

မြိတ်  ဖေဖော်ဝါရီ   ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များကို သိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အ.ထ.က (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ်ဆိုးကျိုးများအကြောင်း၊ မြန်မာနိုင်ငံတွင်တွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် အသစ်ထွက်ပေါ်လာသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကတ်တမင်းနှင့် Happy Water ဆေးဝါးအကြောင်းအရာများကို ကျောင်းသား/သူအားအမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူး ဆန်းညွန့်အောင် က  Power Point ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)