တကောင်း ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် အသက်( ၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသည့် ဘိုး၊ ဘွားများအား အလှူရှင် ငွေစန်းရောင်သကြားစက်မိသားစုမှ ယမန်နေ့နံနက် (၉)နာရီက ချမ်းသားကြီးပရိယတ္တိစာသင်တိုက်ရှိ ဆွမ်းစား ကျောင်းဆောင်တွင် ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ချမ်းသာကြီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူတည်ဆောက်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ ထို့နောက် အလှူရှင်မိသားစုမှ တကောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက် (၈၅)နှစ်နှင့်အထက်လူမှုရေး ပင်စင်ရရှိသည့် အဘိုး၊ အဘွား (၁၅၉)ဉီးအား (၁)ဉီးလျှင် ဝတ္ထုငွေ (၁)သိန်းကျပ်၊ ဆေး (၃)မျိုး၊ မုန့်၊ သကြား စုစုပေါင်း ကာလ တန်ဖိုး (၁၂၀၂၅၀)ကျပ်အားပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ မတက်ရောက်နိုင်သည့်အဘိုး၊အဘွားများအား အိမ်တိုင်ရာရောက် သွား ရောက် ကန်တော့ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ အလှူရှင်မိသားစုများ၊ မြို့မိမြို့ဖများ၊ ကန်တော့ခံ အဘိုး အဘွားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သီရိ (ပြန်/ဆက်)