သတင်းများ

မိုင်းယုမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း Talk Show ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Feb 06,2023
သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အမှတ်(၆၂)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောစားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟိုပန်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 06,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်၌ ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗထူးတပ်မြို့၊ မင်းကြီး(၃)ပါး ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သိန္နီမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့၌ ပဲတီစိမ်းသီးနှံဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူတောင်သူများအဆင်ပြေလျက်ရှိ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ(၂၁၂၉)ဧကစိုက်ပျိုးခဲ့ပြီး ဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးတောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံကို တစ်တင်း (၁၄၀၀၀)ကျပ် ရောင်းချရကြောင်း ပန်းခွာကျေးရွာမှ တောင်သူဦးမျိုးသန်းဦးကပြောပြသည်။