သတင်းများ

တွံ​တေးမြို့နယ်ဘုရားငုတ္တို(တောင်)ကျေးရွာ၌  နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို(တောင်)ကျေးရွာရှိ  ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့် ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေကြာစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များရောဂါဘယများကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း Talk Show ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Feb 06,2023
သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အမှတ်(၆၂)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောစားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟိုပန်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 06,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်၌ ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗထူးတပ်မြို့၊ မင်းကြီး(၃)ပါး ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။