စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှု၊ မြို့နယ်စည်ပင်မှ စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဆောင်ရွက်
Jul 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများစွာရွာသွန်းမှုကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းမကြီးပေါ်ရှိ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှုများဖြစ်ပေါ်သဖြင့် မြို့နယ်စည်ပင်မှ စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးရာ ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်အပေးနိုင်ရန် ၂၅.၇.၂၀၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်းသိရသည်။