သဲကုန်းမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သဲကုန်း ဖေဖေါ်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယ‌နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများအနေဖြင့် ဗလငါးတန်းပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန်နှင့်   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ အန္တရာယ်ကြီးမားပုံနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရန်၊ ဆောင်ရန် ရှောင်ရန်များကို ကျောင်းသား/  ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသူ ကျောင်းသားများ၊ ဆရာ၊ ဆရာမများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်များအသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)