ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

​ရွှေဘို ​ဖေ​ဖော်ဝါရီ

​စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ​ အားကစားရုံတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ​အားကစားသမားများက ဒုပါ​မောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် ဆရာ၊ ဆရာမများအား အ​လေးပြုပြီး၊ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ပြီး​နောက် ဒုပါမောက္ခချုပ်ဆရာမကြီး​ ဒေါက်တာတင်တင်ရီက ကျောင်းသား​မောင်မယ် လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သော လူငယ်​လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ​ပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပ​ပေးသွားမည်ဖြစ်ပြီးကြောင်း ​ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ဘာသာရပ်အလိုက် အသင်း(၈)သင်းသည် (၆.၂.၂၀၂၃မှ ၉.၂.၂၀၂၃) ရက်​နေ့ အထိကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲ​နေ့တွင် ဒသနိက​နှင့်ဓါတု​ဗေဒအသင်း၊ သတ္တ​ဗေဒနှင့် သမိုင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ဒုပါ​မောက္ခချုပ်၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တက်ရောက်အား​ပေးခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)