ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃သန်းကျော်ဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃သန်းကျော်ဖြင့်  ဖောက်လုပ်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်းအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၆၃.၁၂၈ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကြီးကြပ်ပြီး A&A Star ကုမ္ပဏီမှတာဝန်ယူ၍ ကျားသေကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ အရှည်  (၀/၇.၅၈)မိုင်၊ အကျယ် ၁၂ပေ၊ ထု ၂ပေ ၉လက်မရှိ ဂျင်း+​မြေသားခင်းခြင်းလုပ်ငန်းနှင့်  အရှည် ၁၈ပေ၊ အကျယ်  ၅ပေ ၃လက်မ၊ အမြင့် ၅ပေ ၉လက်မရှိ Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း စံချိန်စံညွန်းများနှင့်အညီ ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးလက်ကုန်ထုတ်လမ်းဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျားသေကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၂) ရွာတို့မှ လယ်ယာဧက ၈၇၀ ဧက၏ လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ ရာသီမရွေးလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ပြီး အိမ်ခြေ ၃၂၀ ၊ လူဦးရေ ၁၄၄၀ဦးအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)