သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

သုံးခွ ဖေဖော်ဝါရီ ၇

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီက ကျင်းပသည်။

ရှေးဦးစွာ‌ဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကပြည်‌ ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်  ဗိုလ်ချုပ်အောင်‌ဆန်းနှင့် တိုင်းရင်းသားခေါင်း‌ဆောင်(၂၃)ဦးတို့ သမိုင်းဝင် ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးခြင်း အကြောင်းအရာများနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာပုံများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် မုဒိတာကျေးရွာ အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းမင်းမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှပြသ ထားသော(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်များကိုဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ် ပါ၀င်စားစွာ ကြည်ရှုလေ့လာခဲ့ကြ‌သည်။ ထို့နောက် ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာလုံးဆက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊‌ ခြေသုံးထောက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ ဆက်)