သုံးခွ ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးနှင့် မီးလောင်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အ.ထ.က (မြို့မ ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (မြို့မ)ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်၀င်းကြည်က အဖွင့်အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနမှူး ဦးတင်မျိုးလွင်မှ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးလောင်လျှင် မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးလောင်ခြင်းအမျိုးမျိုးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်နှင့် တပ်ဖွဲ့ဝင်များက၊ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးလောင်ခြင်းအမျိုးမျိုးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြှိမ်းသတ်မှုများကို လက်တွေ့ဆောင်ရွက်ပြသခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်စက်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း များကို လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်